၆၆ဃနှင့်ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်၏အမြင်


(ဦးဝင်းမြင့်နဲ့တွေ့ဆုံခွင့်ရခဲ့တုန်းက ၆၆ဃ နဲ့ပတ်သတ်ပြီး ကျွန်တော်မေးတဲ့မေးခွန်းကို ဥက္ကဌကြီးက ဖြေကြားခဲ့တာကို အသံဖမ်းယူခဲ့ပါတယ်။ အခု အဲဒါကို စာပြန်စီပြီး တင်ပေးလိုက်ပါတယ်)

၆၆ ဃ ဥပဒေသည် ကျနော်တို့ ပြဌာန်းခဲ့တာမဟုတ်ဘူး။ ပထမအကြိမ်သက်တမ်းက ပြဌာန်းခဲ့တာ၊ ပထမအကြိမ်သက်တမ်းက ပြဌာန်းခဲ့တာဆိုတော့ ဒါကို ခြေခြေမြစ်မြစ်ပြောမယ်ဆိုလို့ရှိရင် ၆၆ဃ နဲ့ ပတ်သတ်လို့ ပထမဦးဆုံးရှိတာက ကျနော်တို့ ဒီနေ့ ရာဇသတ်ကြီးပုဒ်မ ၅၀၀ ရှိတယ်။ အဲဒီတော့ သူက လူတစ်ယောက်ကို ဂုဏ်သိက္ခာကျအောင် အသရေဖျက်တယ်၊ သူ့ရဲ့ သိက္ခာနဲ့လျော်ညီစွာ မဟုတ်ဘဲနဲ့ အသရေဖျက်ဖို့ ဂုဏ်သိက္ခာကျဖို့ စာနဲ့ပဲ ဖြစ်ဖြစ်၊ ပေနဲ့ပဲ ဖြစ်ဖြစ်၊ အရုပ်နဲ့ပဲ ဖြစ်ဖြစ်၊ သင်္ကေတနဲ့ပဲဖြစ်ဖြစ်၊ အပြောအဆိုနဲ့ပဲ ဖြစ်ဖြစ် ဖျက်တယ်ဆိုရင် သူက ထောင်ဒဏ် ၂နှစ်ထိလည်း စီရင်ချက်ချလို့ရတယ်။ ဒဏ်ငွေလည်း ချလို့ရတယ်။ ဒဏ်ငွေနဲ့ ထောင်ဒဏ်နဲ့လည်း တွဲချလို့ရတယ်။

၂နှစ်တိတိဆိုပေမယ့် ၂နှစ်ချရမယ်လို့ မဆိုလိုဘူး။ ဒါ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား။ သူ့ရဲ့ သုံးစွဲတဲ့ ပြစ်မှုကျုးလွန်တဲ့ အတိမ်အနက်ပေါ်မှာ ပြစ်ဒဏ်ရဲ့ အကြီးအသေးက ဒါ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား။ ဒါက ပုဒ်မ ၅၀၀။ ကောင်းပြီ။ ၆၆ဃမတိုင်မီ အီလက်ထရောနစ်အက်ဥပဒေဆိုတာရှိတယ်။ အီလက်ထရောနစ်အက်ဥပဒေက ၃၄ဃ။ အဲဒီ ၃၄ဃမှာလည်း အီလက်ထရောနစ်တစ်ခုခုနဲ့ စက်ပစ္စုည်းတစ်ခုခုနဲ့ လုပ်မယ်ဆိုရင် မူလဥပဒေက ထောင်ဒဏ် ၅ နှစ်၊ နောက်တစ်ခုက ကျနော်တို့က ပြီးခဲ့တဲ့ သက်တမ်းမှာပဲ ကျနော်တို့ အချင်းချင်း ညှိနှိုင်းကြ၊ ဆွေးနွေးကြပြီးတော့ ၅ သိန်းကနေ သိန်း ၅၀ အထိ ဒဏ်ငွေ ဒါကိုပြောင်းခဲ့တယ်။ အဲဒီ အီလက်ထရောနစ်ပြီးတော့မှ ဆက်သွယ်ရေးဥပဒေပါတယ်။ အဲဒီ ဆက်သွယ်ရေးဥပဒေကလည်း
ဒီကာလ ဒုတိယအကြိမ် လွှတ်တော်မှာ ပြဌာန်းတာမဟုတ်ဘူး၊ ပထမအကြိမ်လွှတ်တော်မှာ ပြဌာန်းခဲ့တယ်။
အခု ၆၆ ဃ လာတဲ့အခါကြတော့ အခု မီဒီယာတွေကလည်း ဒါကို ပြောကြတယ်။ ရေးကြတယ်။ ကျနော့်ဆီလည်း တချို့သံအမတ် လေးငါးယောက်၊ နောက်ပြီးတော့ လူ့အခွင့်အရေးအဖွဲ့တွေပေါ့နော်။
ပညာရှင်အမျိုးသမီးတွေလည်း ဒီလိုပဲ လာဆွေးနွေးပါတယ်။ ဆွေးနွေးတော့ ဥပဒေရဲ့သဘောက တရားမျှတရမယ်။ သူ့မှာပြောခွင့်မရှိဘူးဆိုတာ မဟုတ်ဘူး။ ရှိတယ်။ သူ ပြောတာ သူ တာဝန်ယူရမယ်။ ဘယ်လို တာဝန်ယူရမလဲ။

သူ့မှာ အထောက်အထားရှိတယ်၊ မှန်တာပြောတယ်၊ ဟုတ်တာပြောတယ်ဆိုရင် သူ့မှ ကင်းလွှတ်ခွင့်ရတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်မှာ အထောက်အထားလည်းမရှိဘူး၊ လူတစ်ယောက်ကို မလိုမုန်းထာားနဲ့ ဂုဏ်သိက္ခာကျအောင် သူ ဒီလိုကြီးပြောနေမယ်ဆိုရင် အဲဒါကိုအရေးမယူရဘူးဆိုရင် အဲဒါဥပဒေမဟုတ်တော့ဘူး။ ဟိုဘက်ကလည်း ဥပဒေအရ ခံစားခွင့်ပေးရမယ်။ ဥပဒေအကာအကွယ်တော့ သူ့ပေးရမယ်။ သူ့မှာ တစ်ဖက်ကလည်း ပြောခွင့်ရှိသလို၊ တစ်ဖက်ကလည်း ဥပဒေအရ ကာကွယ်ခွင့်တွေရှိနေရတယ်။ ပြောခွင့်ရှိတယ်၊ အထာက်အထားရှိတယ်။

ဒီလိုမဟုတ်ဘဲနဲ့ လူတစ်ယောက်ကို မင်းကတော့ အပြောချည်းခံ၊ ငါကတော့ ပြောမယ် ဆိုရင် အဲဒါ ဘယ်လိုတရားမျှတမှုရှိမလဲ။ ဒါတစ်ချက်။
နောက်တစ်ခုက အဲလိုဆိုလို့ရှိရင် လူ့အဖွဲ့အစည်း ဘယ်လိုတည်ငြိမ်မလဲ။ ဥပဒေရဲ့ အာနိသင်မရှိဘူးဆိုရင် လူ့အဖွဲ့အစည်း ဘယ်လိုတည်ငြိမ်မလဲ။ သူကလည်း သူ့ပြော၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဟိုရပ်ရွာ ဒီရပ်ရွာပြော၊ ဟိုအဖွဲ့က ဒီအဖွဲ့ပြော၊ ပြောချင်တာပြောဆိုရင်တော့ လူ့အဖွဲ့အစည်းမတည်ငြိမ်တော့ဘူး။
အဲဒီတော့ ဥပဒေမရှိတဲ့ မင်းမဲ့စရိုက်ဖြစ်သွားမယ်။ ဆိုတဲ့အခါကျတော့ အခု ပြောခွင့်မရှိဘူးဆိုတာ မရှိဘူး၊ ပြောခွင့်ရှိတယ်။ လွတ်လပ်စွာပြောဆိုထင်မြင်ယူဆခွင့်ဆိုတာက ထုတ်ဖော်ခွင့်ဆိုတာက ကျနော်တို့ တချို့လူတွေက နားလည်မှုလွဲနေကြတယ်။

လွတ်လပ်စွာပြောဆို ထင်မြင်ယူဆခွင့်ဆိုတာ လွတ်လပ်စွာဝေဖန်တိုက်ခိုက်ခွင့်၊ လွတ်လပ်စွာဆဲဆိုခွင့်၊ လွတ်လပ်စွာပုတ်ခတ်စော်ကားခွင့်နဲ့ သွားလွဲနေတယ်။
အခုဖြစ်နေတဲ့ ပြဿနာက လွတ်လပ်စွာဝေဖန်တိုက်ခိုက်ပုတ်ခတ်စော်ကားနေတဲ့သူတွေက အဲဒါကို သူ့ကိုကင်းလွတ်ခွင့်ပေးရမယ်တဲ့။ ဟိုဘက်က တစ်ဘက်စောင်းကြီးခံရတယ်ဆိုရင် ဒါက ဥပဒေမဟုတ်တော့ဘူး
ဒါက တစ်ချက် ။
နောက်တစ်ချက်က တချို့ကပြောတယ်။ ဒါ ဥပဒေပိုင်းဆိုင်ရာအရဆိုတော့ ပိုရှင်းပြမှ လိပ်ပတ်လည်လိမ့်မယ်။တချို့ကပြောတယ် မဟုတ်ဘူး အဲဒါဆိုလို့ရှိရင် ကျနော် ခုနကပြောခဲ့သလို ပုဒ်မ ၅၀၀ အရ ၂နှစ် ဒါမှမဟုတ် ဒဏ်ငွေ အဲဒီလိုလုပ်ပါလား တဲ့။
ဆိုတဲ့အခါကျတော့ ဟိုက ပုဒ်မ ၅၀၀ အရက နှုတ်နဲ့ပြောရင်၊ အခု ဒီမှာပြောရင် ဒီလူလောက်ပဲ သိမှာ၊ လက်ဖက်ရည်ဆိုင်မှာပြောရင် လက်ဖက်ရည်ဆိုင်လောက်မှာပဲ သိမှာ ၊ ရပ်ထဲရွာထဲမှာပြောရင် ရပ်ထဲရွာထဲလောက်ပဲသိမှာ ။
အခု ဒီ ၆၆ဃက အဲဒီလိုမဟုတ်ဘူး၊ သူက အွန်လိုင်းတင်လိုက်တဲ့အခါကျတော့ ဒီနေရာတည်းတင် သိတာမဟုတ်ဘူး၊ ဆိုတော့ ဟိုဟာက ၂ နှစ်၊ ဒီဟာက ၃ နှစ် ၊ ဘာများလို့လဲ။ တစ်နှစ်ပဲကွာတယ်။
ဒါပေမယ့် cause and effect က ခံရတာ နည်းနည်းနောနောမဟုတ်တော့ဘူး ၊ ဒီရပ်ရွာနဲ့ ဒီလူ့အဖွဲ့အစည်းပဲ သိတာ မဟုတ်ဘူး ၊ ပြည်တွင်းပြည်ပအကုန် ပြန့်ထွက်သွားပြီ ၊ တားလို့လည်းမရတော့ဘူး၊ ဒီလိုရှိတယ်၊

ရှိတဲ့အခါကျတော့ လူတွေကပြောတယ် ၂နှစ်လျော့ပါလားတဲ့။ cause and effect က မတူဘူး။ ထိရောက်မှုလည်းမတူဘူး။ ဒီ ၃ နှစ်ဆိုတဲ့ဟာကလည်း ဥပဒေသဘောနဲ့ပြောမယ်ဆိုရင် သတ်မှတ်ထားတာ ၊ တရားဥပဒေက ၃ နှစ် သတ်မှတ်လို့ ၃ နှစ်ချ ၆ လ ချလည်းရတယ်၊ တစ်လ ချလည်း ရတယ်၊ တစ်ပတ်ချလည်း ရတယ်၊ ဒါက တရားသူကြီိးရဲ့ ဆင်ခြင်တုံတရားအပေါ်မူတည်တာ၊ ဥပဒေက အမြင့်ဆုံးကို သတ်မှတ်ထားတာ၊
ထို့အတူပဲ တချို့က ၃ နှစ်မို့လို့ အာမခံမရဘူးဆိုပြီး ပြောကြပါတယ်။ အာမခံမရဘူးပေါ့၊ အာမခံကလည်း တရားသူကြီးက သူ့ဆင်ခြင်တုံတရားက ပေးရင် ရတယ်၊ လုံးဝမပေးရဘူးဆိုတာ မဟုတ်ဘူး။ လူတွေက ဥပဒေကို မသဲကွဲဘူး၊

မသဲကွဲဘဲနဲ့ ရေးပြောနေတော့ခက်နေတယ်။ ကျွန်တော်ပြောပြမယ်။ တရားသူကြီးက သူ့ဆင်ခြင်တုံတရားနဲ့ ဒါ အမျိုးသမီးဖြစ်တယ်၊ ကလေးသူငယ်ဖြစ်တယ်၊ သက်ကြီးရွယ်အိုဖြစ်တယ်၊ အိုမင်းမစွမ်းဖြစ်တယ်၊ ကျန်းမာရေးမကောင်းဘူး စသဖြင့် အာမခံပေးလို့ရတယ်။

လူသတ်မှုတောင် အာမခံပေးလို့ရတယ်၊ အဲဒီအနေအထားရှိပါတယ်၊ အဲဒီအနေအထားရှိတဲ့အခါကျတော့ အခုက အပြင်မှာဖြစ်နေသလို ပြောမယ်ဆိုရင် – မီဒီယာတွေ ဖြစ်စေချင်သလိုပြောမယ်ဆိုရင် သူတို့ကတော့ သူတို့ ရေးချင်တာရေးမယ်၊ ပြောချင်တာပြောမယ် အပြောခံရတဲ့သူက ခံဆိုရင် ၊ သူတို့ကတော့ ဥပဒေလွတ်လပ်ခွင့်အပြည့်ပဲ ကျန်တဲ့သူတွေက ခံဆိုတဲ့အခါကျတာ့ ကျနော်တို့က ဒါကိုမျှမျှတတဖြစ်အောင် ချိန်ရတယ်၊ ဥပဒေဆိုတဲ့သဘောတရားအရကိုက တရားမျှတမှုရှိရမယ်။ ဥပဒေဆိုတာဟာက ချိန်ခွင်လျှာ၊
ဟိုဘက် ဒီဘက် မစောင်းရဘူး ၊ ဒီလိုပဲ ဒီဘက်ကပြောတဲ့သူက ပြောသလို၊ ဟိုဘက်က ခံရတဲ့သူကိုလည်း ဥပဒေအရ ကာကွယ်မှုပေးရမယ်၊ မဟုတ်ရင် သတ်ပွဲတွေ ဖြစ်ကုန်မှာပေါ့၊ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်မှာပေါ့၊ မတည်မငြိမ်တွေဖြစ်ကုန်မှာပေါ့။

မတည်မငြိမ်ဖြစ်တော့ ယန္တရားပျက်ရော၊ ယန္တရားပျက်ရင် ဘာဖြစ်မလဲ၊ ဒီမိုကရေစီက ရဦးမလား၊ ကျနော်တို့ အများကြီး စဉ်းစားရတယ်။ ဒါကြောင့်မို့ ဟုတ်ပါတယ်။ အကြံပေးတာက အကြံပေးတာပဲ။ လွှတ်တော်မှာတော့ယနေ့အထိတော့ ဘယ်ကိုယ်စားလှယ်၊ ဘယ်ကော်မတီ၊ ဘယ် အစိုးရအဖွဲ့ကမှ ဒါကို တင်ထားတာ မရှိဘူး။

Comments

Popular posts from this blog

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

တင်ဒါ ကကြီး ခကွေး

မအိမ်ကံ Review