ကွယ်ဝှက်ခံထားရသောအသံများ အပိုင်း(၃)
မှိုင်းညို့မှောင် မန္တလေးကို ဘယ်လိုရောက်သွားတာလဲဆိုတော့ ...မန္တလေးကို ရထားစီးပြီးတော့ ပြန်မဆင်းတတ်တော့လို့။ ငယ်ငယ်လေးတုန်းက သူငယ်ချင်းတွေနဲ့ ရပ်ကွက်ထဲမှာ ထမင်းလျှောက်စားတာ ဇလုံကြီးတွေနဲ။၊ ထမင်းစားပြီးတော့ ပြန်လာတဲ့အခါကျတော့ အမေ့ကို ပန်းကန်ကြီး ချ ပေးပြီး လျှောက်သွားမယ်ဆိုပြီးတော့ သွားကြတာ။ ရပ်ကွက်ထဲကို သွားကြတဲ့အခါကနေ ပြီးတော့ ငါတို့ ရထားကြီး သွားစီးကြရအောင်ဆိုပြီးတော့ ကလေးတွေကို ပြောတယ်။ ရထားပေါ်လည်း ရောက်ရော ...နောက်ဆုံးကျတော့ ကလေးတွေက ဘယ်အချိန် ဆင်း သွားမှန်းမသိဘူး။ သမီးတစ်ယောက်တည်း ကျန်ခဲ့တာ။ အဲဒါနဲ့ ရထားနဲ့ပါသွားတာ။