Posts

Showing posts with the label Book Reviews

မအိမ်ကံ Review

Image
လတ်တလော အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ စာရေးဆရာမခင်ခင်ထူးရဲ့ မအိမ်ကံဝတ္ထုကို စိတ်ဝင်စားတာနဲ့ ရှာဖွေပြီး ဖတ်ရှုမိခဲ့ပါတယ်။ စုစုပေါင်း အချိန် (၈)နာရီခန့်လောက် ဖုန်းကို Airplane ထား၊ ဘယ်သူနဲ့မှ မတွေ့ဘဲ အေးအေးဆေးဆေး ဖတ်ကြည့်ခဲ့ပါတယ်။ စာရေးဆရာရဲ့ အမှာစာမှာကတည်းက ဒီအဖြစ်အပျက်ဟာ တစ်ကယ့်အဖြစ်အပျက်လို့ပါဆိုပြီး ပြောထားတော့ ပိုပြီးစိတ်ဝင်တစားနဲ့ ဖတ်လိုက်တာ စာအုပ်ကို လက်က မချနိုင်လောက်ထိ ဆွဲဆောင်မှုအလွန်ကောင်းတဲ့ ၀တ္ထုဖြစ်ပါတယ်။ ၀တ္ထုအကြောင်းအရာကတော့ အလွန်တရာရုပ်ရည်ချောမော၊ ကိုယ်ကျင့်သီလကောင်းတဲ့ သူကြီးသမီး မအိမ်ကံတစ်ယောက်ဟာ ငယ်ငယ်ကတည်းက ဖက်စိမ်း ကွမ်းတောင်ကိုင်ဖြစ်ချင်ခဲ့တဲ့သူတစ်ယောက်ပါ။