Posts

Showing posts with the label Thinking

ပြည်ထောင်စုနေ့အတွေး

Image
အင်္ဂလိပ်ဟာ မြန်မာနိုင်ငံကို မြန်မာပြည်မရယ်၊ ရှမ်းပြည်ပါဝင်တဲ့ တောင်တန်းဒေသရယ်၊ ကယားပြည်နယ်ရယ်ဆိုပြီး သုံးပိုင်းပိုင်းပြီး အုပ်ချုပ်ခဲ့တယ်။ ဒီနေရာမှာ သုံးပိုင်းပိုင်းတယ်ဆိုတာက အစက တစ်စုတစ်ဝေးတည်းရှိနေတာကို သုံးပိုင်းပိုင်းတာမဟုတ်ဘဲ နဂိုကတည်းက ဗမာတွေကသက်သက်၊ ရှမ်းတွေက သက်က်၊ ကရင်နီ(ယခု ကယား)တွေကသက်သက် သီးခြားလွတ်လပ်စွာ တည်ရှိနေတာဖြစ်လို့ သုံးပိုင်းပိုင်းခဲ့တာပါ။ လွတ်လပ်ရေးအတူယူကြဖို့ ပင်လုံစာချုပ်ချုပ်ဆိုတော့ ဗမာ၊ ကချင်၊ချင်းနဲ့ ရှမ်းကိုယ်စားလှယ်တွေက လက်မှတ်ထိုးခဲ့ကြပြီး ရခိုင်တို့၊ ကရင်တို့၊ ကယားတို့က လေ့လာသူတွေအနေနဲ့ပဲ တက်ရောက်ခဲ့ကြပါတယ်။ အရင်တုန်းက မရှိခဲ့ဘဲ ပင်လုံစာချုပ်ကနေ အစပြုလိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဗမာပြည်မ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းဝိသေသတိုင်း တို့ပဲ ပါပါတယ်။ နောက်မှ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် ၀င်လာတယ်။ ရခိုင်ပြည်နယ်တို့ မွန်ပြည်နယ်တို့ဆိုတာ ၀န်ကြီးချုပ်ဦးနုလက်ထက်မှ ပြည်နယ်အဖြစ် သတ်မှတ်ခွင့်ရခဲ့တာပါ။ ရခိုင်သားတွေအနေနဲ့ ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ရေးအတွက် များစွာ ကြိုးစားခဲ့ရပါတယ်။