Posts

Showing posts with the label Web Development

Embed Images in HTML with Base64 Encoding

Image
HTML မှာ ပုံတွေထည့်ရင် ပုံမှန်အားဖြင့် img tag ထဲမှာ src ဆိုပြီး ပုံရဲ့ တည်နေရာကို ညွှန်းကြပါတယ်။ ဥပမာအားဖြင့် <img src="images/logo.png"/> အဲဒီနည်းလမ်းအစား နည်းနည်းလေးပိုပြီးထူးတဲ့ နည်းလမ်းတစ်ခုနဲ့ ပုံတွေကို HTML စာမျက်နှာထဲမှာ တစ်ပါတည်း ပေါင်းထည့်လို့ ရပါတယ်။ သဘောတရားကတော့ Base64 Encoding ကိုအသုံးချပြီး ပုံကို စာသားအဖြစ် Encode လုပ်ပြီး ပြောင်းလဲပါ့မယ်။ ရရှိလာတဲ့ စာသား(String)ဟာ ပုံကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ စာသားတွေ ဖြစ်ပါတယ်။ အဲဒီစာသားကို Decode ပြန်လုပ်လိုက်ရင် မူလပုံအတိုင်း ပြန်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ HTML စာမျက်နှာထဲမှာ အရင်လို ပုံရဲ့ တည်နေရာကို မညွှန်းတော့ပဲ အဲဒီစာသားတွေကို တစ်ခါတည်း ပေါင်းထည့်မှာဖြစ်ပါတယ်။ ပုံဆိုတာ မရှိတော့ဘူးပေါ့။ Webpage မှာ ပုံကနေပြောင်းထားတဲ့ စာသားတွေပဲ ပါပါတယ်။ အဲဒီစာသားတွေကို ပုံအဖြစ် ပြန်ပြောင်းပြီး ပြသမှာပါ။