ဆက်သွယ်ရေးဥပဒေကြမ်းအပေါ်အမြင်
(အင်တာနက်ဂျာနယ်မှာပါခဲ့တဲ့ ကျွန်တော့်အင်တာဗျူးလေးကို ဖော်ပြလိုက်ပါတယ်) ၁။ ဒီလ ၇ ရက်နေ့က ဆက်သွယ်ရေး ဥပဒေကြမ်းထွက်လာပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒီဥပဒေအကြမ်းအပေါ်ကို တစ်ဦးတည်းအမြင်နဲ့ ခြုံငုံသုံးသပ်ချက်လေး ပြောပေးပါလား။ ဥပဒေကြမ်း ထွက်လာတာကို ကြိုဆိုပါတယ်။ ပြည်တွင်းကွန်ပျူတာပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ သုံးစွဲသူတွေရဲ့ ဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်အောင် ဒီထက်ပိုကောင်းအောင် ပြင်ဆင်နိုင်ရင်တော့ ပိုကောင်းပါလိမ့်မယ်။