လိင်ပိုင်းဆိုင်ရာပြစ်မှုတွေဟာ အပြာကားကြည့်တာနဲ့ဆိုင်သလား?
အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် အသက် ၂၂ အရွယ် လူရွယ်တစ်ယောက်ဟာ အပြာကားတစ်ကားကြည့်ပြီးတဲ့နောက် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို ချောကလက်ကျွေးမယ်လိုက်ခဲ့လို့ ဖြားယောင်းပြီး မုဒိမ်းကျင့်ခဲ့တဲ့အမှုတစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် မုဒိမ်းသမားတွေအတွက် စိတ်မသက်သာစရာမေးခွန်းတစ်ခု ပေါ်လာပါတော့တယ်။ အဲဒါကတော့ အပြာဇာတ်ကားတွေ လွယ်လွယ်ကူကူရနေတာကြောင့် အိန္ဒိယမှာ မုဒိမ်းမှုတွေ များပြားနေတာလားဆိုတဲ့ မေးခွန်းပါပဲ။ အိန္ဒိယနိုင်ငံက သတင်းအချက်အလက်နဲ့ဆက်သွယ်ရေး ဒုဝန်ကြီး မီလင်းဒိုရာကတော့ “ဒီလိုဟာတွေကို ရုတ်တရတ်ကြီး ပိတ်ပင်တားဆီးဖို့ကို ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ လူတွေကို တရားဥပဒေနဲ့ ညွှန်ကြားချက်တွေကို လိုက်နာသိရှိအောင် လုပ်ဖို့က အရေးကြီးတာပါ။ စိတ်ပညာရှင်တွေ၊ လူမှုသိပ္ပံပညာရှင်တွေဆီကနေ ဒီလိုကိစ္စတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးအကြံဥာဏ် ရယူဖို့က အရေးကြီးပါတယ်” ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။