လိင်ပိုင်းဆိုင်ရာပြစ်မှုတွေဟာ အပြာကားကြည့်တာနဲ့ဆိုင်သလား?


အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် အသက် ၂၂ အရွယ် လူရွယ်တစ်ယောက်ဟာ အပြာကားတစ်ကားကြည့်ပြီးတဲ့နောက် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို ချောကလက်ကျွေးမယ်လိုက်ခဲ့လို့ ဖြားယောင်းပြီး မုဒိမ်းကျင့်ခဲ့တဲ့အမှုတစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် မုဒိမ်းသမားတွေအတွက် စိတ်မသက်သာစရာမေးခွန်းတစ်ခု ပေါ်လာပါတော့တယ်။ အဲဒါကတော့ အပြာဇာတ်ကားတွေ လွယ်လွယ်ကူကူရနေတာကြောင့် အိန္ဒိယမှာ မုဒိမ်းမှုတွေ များပြားနေတာလားဆိုတဲ့ မေးခွန်းပါပဲ။

အိန္ဒိယနိုင်ငံက သတင်းအချက်အလက်နဲ့ဆက်သွယ်ရေး ဒုဝန်ကြီး မီလင်းဒိုရာကတော့ “ဒီလိုဟာတွေကို ရုတ်တရတ်ကြီး ပိတ်ပင်တားဆီးဖို့ကို ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ လူတွေကို တရားဥပဒေနဲ့ ညွှန်ကြားချက်တွေကို လိုက်နာသိရှိအောင် လုပ်ဖို့က အရေးကြီးတာပါ။ စိတ်ပညာရှင်တွေ၊ လူမှုသိပ္ပံပညာရှင်တွေဆီကနေ ဒီလိုကိစ္စတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးအကြံဥာဏ် ရယူဖို့က အရေးကြီးပါတယ်” ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။



အိန္ဒိယနိုင်ငံမှာ အပြာဇာတ်ကားတွေ၊ဓာတ်ပုံတွေ စတဲ့ အပြာဆိုင်ရာတွေကို ကိုယ်တစ်ယောက်တည်း သီးသန့်ကြည့်ရှုတာမျိုးက တရားဝင်ဖြစ်ပါတယ်။ ဒါပေမယ့် ဖြန့်ဝေတာတို့ ထုတ်လုပ်တာမျိုးကတော့ တရားမ၀င်ခဲ့ပါဘူး။ ဒါ့အပြင် အိမ်တွေမှာ ကြည့်ရှုရတဲ့ တီဗွီစလောင်းလိုင်းတွေမှာ non-U ပရိုဂရမ်တွေကို မပြသဖို့ ဘုံဘေတရားရုံးက တားဆီးခဲ့ပါတယ်။ အကျိုးဆက်ကတော့ အိန္ဒိယနိုင်ငံကလူတွေက အပြာကားတွေကို တီဗွီစလောင်းလိုင်းတွေကနေ ကြည့်လို့မရတော့ပါပဲ။၂၀၀၈ခုနှစ် မတ်လလောက်တုန်းက အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ပွန်းစတားအဖြစ် ဆာဗီတာဘက်ဟီ ပေါ်ပေါက်လာခဲ့ဖူးပေးမယ့် နောက်တော့ ဖျောက်ကွယ်ခံလိုက်ရပါတယ်။

သို့ပေမယ့် အိန္ဒိယနိုင်ငံရဲ့ အင်တာနက်စစ်တမ်းတွေအရ အိန္ဒိယနိုင်ငံလူတွေ Google မှာ Porn ဆိုပြီး ရိုက်ထည့်ရှာနေတာ တဖြည်းဖြည်းနဲ့ တိုးပွားလာနေတယ်လို့ဆိုပါတယ်။ အဲဒီထဲမှာမှ ဒေလီက ထိပ်ဆုံးကလို့ဆိုပါတယ်။
IMRB ရဲ့ ထိတ်လန့်ဖွယ်စစ်တမ်းတစ်ခုကလည်း ဆိုထားပါသေးတယ်။ အိန္ဒိယနိုင်ငံရဲ့ မိုဘိုင်းဖုန်းငါးလုံးမှာ တစ်လုံးက ဖုန်းအင်တာနက်ကိုအသုံးပြုပြီး အပြာကားတွေ၊ဓာတ်ပုံတွေကို ကြည့်ရှုကြတယ်လို့ဆိုပါတယ်။ ၁၈+ ၀ဘ်ဆိုက်ဒ်တွေဟာ အိန္ဒိယမှာ လူကြည့်အများဆုံး ၀ဘ်ဆိုက်ဒ်တွေ ဖြစ်နေပါတယ်။ဖေဖော်ဝါရီလတုန်းက ကာနတကက ၀န်ကြီးသုံးပါးဟာ လွှတ်တော်အစည်းအဝေးလုပ်နေစဉ် အပြာကားခိုးကြည့်နေကြတာကို မိသွားပြီးတဲ့နောက် ရာထူးမှ အနားပေးခြင်းခံခဲ့ရပါသေးတယ်။
ကျွမ်းကျင်ပညာရှင်များရဲ့အဆိုအရ အပြာကားတွေနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဆက်စပ်တယ်ဆိုတဲ့ သိပ္ပံဆိုင်ရာတွေ့ရှိချက်မျိုး မရှိဘူးလို့ဆိုပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန် ဟာရစ်ရှယ်တီက NDTV ရုပ်သံလိုင်းကို အခုလိုပြောပါတယ်။ “အပြာဇာတ်ကားနဲ့ မုဒိမ်းမှုဆက်စပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မဟုတ်ရင် လမ်းတိုင်း ရပ်ကွက်တိုင်းမှာ မုဒိမ်းမှုတွေချည်း ကျွန်တော်တို့ မြင်ကြားနေရမှာပေါ့။ မုဒိမ်းကျင့်တယ်ဆိုတာက လူ့ပတ်ဝန်းကျင်မှာ ပရမ်းပတာဖြစ်ခြင်းတစ်မျိုးပါ။ လူတွေက သူတို့မုဒိမ်းကျင့်လိုက်ရင် အဖမ်းမခံရဘူး သို့မဟုတ် ပြစ်ဒဏ်မခံရဘူးလို့ ယုံကြည်ခဲ့ရင်ပေါ့လေ”။
သို့ပေမယ့် တက်ကြွလှုပ်ရှားသူ ဗီဂျေးပန်ဝါနီကတော့ အပြာကားတွေကို ပိတ်ပင်ဖို့အပြင် ကြည့်တဲ့သူကိုပါ အရေးယူဖို့အထိ ဥပဒေခုံရုံးကို တောင်းဆိုမှုတွေ လုပ်ခဲ့ဖူးပါတယ်။ “ကလေးတွေပါဝင်နေတဲ့ အပြာဇာတ်ကားတွေဟာ အင်တာနက်မှာ လွယ်ကူစွာနဲ့ ဖရီးရနေတာတွေကို ပိတ်ပင်သင့်ပါတယ်၊ ဒါဟာ ပြည်ထောင်စုအစိုးရအနေနဲ့ အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။
အပြာဇာတ်ကားတွေနဲ့မုဒိမ်းမှု အငြင်းပွားမှုဟာ ပိုမိုမြင့်မားသထက် မြင့်မားလေပေမယ့်လည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အပြာဝက်ဘ်ဆိုက်ဒ်တွေဟာ နှစ်တိုင်း ဒေါ်လာ ဘီလျံနဲ့ချီပြီး အမြတ်ငွေတွေ ရနေကြပါတယ်။ မဆုံးနိုင်မယ့်မေးခွန်းတစ်ခုကတော့ အဲဒါတွေကို ဘယ်လိုနည်းတွေကများ ပြောင်းလဲအဆုံးသတ်နိုင်မှာမို့လို့ပါလဲ?

ဘာသာပြန်
Zaw Thurein Tun

Comments

Popular posts from this blog

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

တင်ဒါ ကကြီး ခကွေး

မအိမ်ကံ Review