Posts

Showing posts with the label Poems

ချင်းတွင်းကြည့်ရင်းငိုတဲ့အသံ

စစ်ဖြစ်တာလည်းမဟုတ် ကပ်ရောဂါလည်းမဟုတ်ပါပဲ ဟောဒီချင်းတွင်းမှာ အပြစ်မဲ့တွေ သောက်သောက်လဲသေကြ ဘ၀တွေကွဲ မျက်ရည်တွေရွှဲလို့ စက်လှေ တစ်ချက်အမှောက်က အသက်တွေများစွာကို ဆွဲချပစ်ခဲ့တယ်

တိမ်ပုံပြင် ၂

တိမ်တွေကိုမော့ကြည့်ရင်း ဖမ်းဆုပ်မရတဲ့သဘောကို တွေးမိတဲ့အခါ မင်းအကြောင်းက အလိုလိုပါလာတယ် သစ်ရွက်တစ်ရွက်လို စိမ်းလန်းလည်း ကြွေပြလို့မှမရဘဲကွယ် အတိတ်ရာဇဝင်ထဲမှာ မင်းရဲ့ကျိန်စာတွေ အခုထိ ရှာကြည့်မိနေတုန်း သတိရခြင်းတွေသာ ကိုယ်သင်းနံ့ဖြစ်ခွင့်ရရင် မင်းရှိရာအရပ်ဆီတိုက်ခတ်မယ့်လေပြေနဲ့အတူ ထည့်ပေးလိုက်ချင်ရဲ့ မင်း မွှေးမြပါစေကွယ်..

အတိတ် ၂၉

လက်တွေနဲ့ လှမ်းမမီနိုင်တော့မျိုးဖြစ်ရင် ငါ့ကို ပွေ့ဖက်ထားဖို့ ပြန်မလွမ်းပါနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ယောင်ဆောင်ခဲ့မှန်း ဝေးသွားမှသိတယ် အမုန်းကြိုးတွေကြီးသလောက် သံယောဇဉ်ကြိုးက ပိုသေးတယ် ဖြတ်ရတာသိပ်လွယ်တယ် သူ့ရင်ဘတ် ကိုယ့်ရင်ဘတ်မှာ နယ်ခြားမှတ်တိုင်တွေ စိုက်ထူခံလိုက်ရသလိုမျိုး နောက်ဆုံး… အတ္တတွေကသာ အနိုင်ယူသွားတယ် ချစ်ခြင်းမေတ္တာဆိုတာ ငတ်မွတ်ခေါင်းပါးသွားရင် လူတွေအားလုံး ခေါင်းခါပြီးပြောကြလိမ့်မယ် ဒါတွေဟာ ပုံပြင်တွေပါကွာဆိုပြီး မရနိုင်တော့တာကို လွမ်းရင်းနဲ့ပဲ ထပ်ပြောလိမ့်မယ် ဒါတွေဟာ ပုံပြင်တွေပါကွာပေါ့ ကိုယ့်စိတ်ကို ကိုယ့်လောက် ဘယ်သူသိမှာတုန်း စိတ်ရိုင်းနေတာလည်းသိ စိတ်ကူးယဉ်နေတာလည်းသိ စိတ်ယဉ်ကျေးနေတာလည်းသိ စိတ်အလိုမကျတာလည်းသိ ခက်တာက ကိုယ့်စိတ်မှာဖြစ်နေတာတွေပြောဖို့ အဖော်လိုတယ်ဆိုပြီး ပညတ်ထားတဲ့ လူ့အဖွဲ့အစည်းကြီးက ပြဿနာပဲ။ တံခါးခေါက်ဝင်ခဲ့ပါလို့ပြောခဲ့သလား တံခါးမခေါက်ပဲ ဝင်တာကို ခွင့်ပြုခဲ့သလား မသိဘူး သေချာမသိဘူး ခုမှ ပြန်တော့မလားဆိုပြီး စကားစလို့မရတော့ပါပဲ နှလုံးသားက အခန်းနဲ့တူတယ်ဆိုတာ ဧည့်သည်ရောက်လာမှ သိတော့တယ် ဟိုးတောင်တန်းကြီးတွေ ဟိုးလယ်ကွင်းစိမ်းကြီးေ...