Posts

Showing posts with the label Social

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

Image
ယောကျာ်းက အိမ်ထောင်ရေးဖောက်ပြန်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ ဆရာဝန်မကြီးရဲ့ သတင်းဖတ်မိပြီး ဒီပို့စ်လေး ရေးဖြစ်ပါတယ်…။ ကျွန်တော်က Broken Family မှာ နေထိုင်ခဲ့ရတဲ့ သြရသ သားကြီးတစ်ယောက်ပါ။ ကျွန်တော် ပထမနှစ်မှာ အဖေက အိမ်ပေါ်က ဆင်းသွားပြီး ကျွန်တော်တို့မိသားစုကို ပစ်ထားခဲ့ပြီး နောက်မိန်းမနဲ့ နေရာတစ်ခုမှာ ပေါင်းသင်းနေထိုင်ခဲ့တာ အခုထိပါပဲ။ အဖေဆိုပြီး လှိုင်းလုံးတွေ ထန်လာအောင် အော်ခေါ်ချင်ပေမယ့် ကျွန်တော်တို့ဘ၀မှာ အဖေမရှိခဲ့တော့တာ အခုထိပါပဲ။ နောက်တော့ ကျွန်တော် ဘွဲ့ရတယ်။ မိန်းမရတယ်။ အခု သမီးတစ်ယောက် ရတယ်။ အဖေ မရှိတော့တဲ့နောက်ပိုင်းမှာ အမေရယ်၊ ကျွန်တော်ရယ်၊ ညီမလေးနှစ်ယောက်ရယ် ဘ၀ကို ခက်ခဲပင်ပန်းစွာ တစ်ရက်တစ်ရက် မျက်ရည်တွေနဲ့ ဖြတ်သန်းခဲ့ရတယ်။ မိသားစုတစ်ခုမှာ အဖေဆိုတာလေး မရှိရုံနဲ့ ကျန်ရစ်ခဲ့သူတွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ လူမှုရေးပိုင်းဆိုင်ရာရော၊ ငွေကြေးပိုင်းဆိုင်ရာရော အစစအရာရာ မျက်နှာငယ် စိတ်ဓာတ်ကျခဲ့ရတယ်ဆိုတာ ကျွန်တော့်အတွက် ဘ၀နဲ့ချီပြီး သင်ခန်းစာ ရခဲ့ရတယ်။ အခု ကျွန်တော့်ဇနီးနဲ့ သမီးကျရင် ဒါမျိုးတွေ မဖြစ်စေရဘူးလို့ ကျွန်တော် သန္နိဌာန် ချခဲ့တယ်။