Posts

Showing posts with the label Tender

တင်ဒါ ကကြီး ခကွေး

Image
တင်ဒါကိစ္စဟာ အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တယ်။ ပြီးခဲ့တဲ့အပတ်က မုံရွာဂေဇက်ဂျာနယ်မှာ စစ်ကိုင်းတိုင်းအစိုးရရဲ့ ဆောက်လုပ်ရေးတင်ဒါတွေမှာ လုပ်ငန်းရှင်တစ်ဦးတည်းကပဲ တင်ဒါအောင်နေတဲ့အခြေအနေကို ဖတ်မိလိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီကိုလည်း နာမည်တပ်မရေးရဲ၊ ဝေဖန်တဲ့သူတွေကလည်း နာမည်တပ်မပြောရဲ ဖြစ်နေကြတယ်။ အမှန်တော့ ပွင့်လင်းမြင်သာတဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဆိုပြီး ကြွေးကြော်ပြီးတဲ့အခါမှာ ဘယ်လောက်ပွင့်လင်းမြင်သာသလဲ၊ ဘယ်လောက်သန့်ရှင်းသလဲဆိုပြီး တိုင်းတာတဲ့ အညွှန်းကိန်း တွေထဲမှာ တင်ဒါကိစ္စလည်း တစ်ခုအပါအဝင်ပါပဲ။