တိမ်ပုံပြင် ၂

တိမ်တွေကိုမော့ကြည့်ရင်း
ဖမ်းဆုပ်မရတဲ့သဘောကို တွေးမိတဲ့အခါ
မင်းအကြောင်းက အလိုလိုပါလာတယ်

သစ်ရွက်တစ်ရွက်လို စိမ်းလန်းလည်း
ကြွေပြလို့မှမရဘဲကွယ်
အတိတ်ရာဇဝင်ထဲမှာ
မင်းရဲ့ကျိန်စာတွေ
အခုထိ ရှာကြည့်မိနေတုန်း

သတိရခြင်းတွေသာ ကိုယ်သင်းနံ့ဖြစ်ခွင့်ရရင်
မင်းရှိရာအရပ်ဆီတိုက်ခတ်မယ့်လေပြေနဲ့အတူ
ထည့်ပေးလိုက်ချင်ရဲ့
မင်း မွှေးမြပါစေကွယ်..

Comments

Popular posts from this blog

ယာဉ်စည်းကမ်းများအသက်ဝင်ဖို့ ဒါတွေလိုတယ်

တင်ဒါ ကကြီး ခကွေး

မအိမ်ကံ Review