Posts

Showing posts from November, 2017

ပြည်ထောင်စုနေ့အတွေး

Image
အင်္ဂလိပ်ဟာ မြန်မာနိုင်ငံကို မြန်မာပြည်မရယ်၊ ရှမ်းပြည်ပါဝင်တဲ့ တောင်တန်းဒေသရယ်၊ ကယားပြည်နယ်ရယ်ဆိုပြီး သုံးပိုင်းပိုင်းပြီး အုပ်ချုပ်ခဲ့တယ်။ ဒီနေရာမှာ သုံးပိုင်းပိုင်းတယ်ဆိုတာက အစက တစ်စုတစ်ဝေးတည်းရှိနေတာကို သုံးပိုင်းပိုင်းတာမဟုတ်ဘဲ နဂိုကတည်းက ဗမာတွေကသက်သက်၊ ရှမ်းတွေက သက်က်၊ ကရင်နီ(ယခု ကယား)တွေကသက်သက် သီးခြားလွတ်လပ်စွာ တည်ရှိနေတာဖြစ်လို့ သုံးပိုင်းပိုင်းခဲ့တာပါ။ လွတ်လပ်ရေးအတူယူကြဖို့ ပင်လုံစာချုပ်ချုပ်ဆိုတော့ ဗမာ၊ ကချင်၊ချင်းနဲ့ ရှမ်းကိုယ်စားလှယ်တွေက လက်မှတ်ထိုးခဲ့ကြပြီး ရခိုင်တို့၊ ကရင်တို့၊ ကယားတို့က လေ့လာသူတွေအနေနဲ့ပဲ တက်ရောက်ခဲ့ကြပါတယ်။ အရင်တုန်းက မရှိခဲ့ဘဲ ပင်လုံစာချုပ်ကနေ အစပြုလိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဗမာပြည်မ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းဝိသေသတိုင်း တို့ပဲ ပါပါတယ်။ နောက်မှ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် ၀င်လာတယ်။ ရခိုင်ပြည်နယ်တို့ မွန်ပြည်နယ်တို့ဆိုတာ ၀န်ကြီးချုပ်ဦးနုလက်ထက်မှ ပြည်နယ်အဖြစ် သတ်မှတ်ခွင့်ရခဲ့တာပါ။ ရခိုင်သားတွေအနေနဲ့ ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ရေးအတွက် များစွာ ကြိုးစားခဲ့ရပါတယ်။

ကွယ်ဝှက်ခံထားရသောအသံများ အပိုင်း(၃)

Image
မှိုင်းညို့မှောင် မန္တလေးကို ဘယ်လိုရောက်သွားတာလဲဆိုတော့ ...မန္တလေးကို ရထားစီးပြီးတော့ ပြန်မဆင်းတတ်တော့လို့။ ငယ်ငယ်လေးတုန်းက သူငယ်ချင်းတွေနဲ့  ရပ်ကွက်ထဲမှာ ထမင်းလျှောက်စားတာ ဇလုံကြီးတွေနဲ။၊ ထမင်းစားပြီးတော့ ပြန်လာတဲ့အခါကျတော့ အမေ့ကို ပန်းကန်ကြီး ချ ပေးပြီး လျှောက်သွားမယ်ဆိုပြီးတော့ သွားကြတာ။ ရပ်ကွက်ထဲကို သွားကြတဲ့အခါကနေ ပြီးတော့ ငါတို့ ရထားကြီး သွားစီးကြရအောင်ဆိုပြီးတော့ ကလေးတွေကို ပြောတယ်။ ရထားပေါ်လည်း ရောက်ရော ...နောက်ဆုံးကျတော့ ကလေးတွေက ဘယ်အချိန် ဆင်း သွားမှန်းမသိဘူး။ သမီးတစ်ယောက်တည်း ကျန်ခဲ့တာ။ အဲဒါနဲ့ ရထားနဲ့ပါသွားတာ။

ကွယ်ဝှက်ခံထားရသောအသံများ အပိုင်း(၂)

Image
မှုန်ပြာရီ (က) ၁၄ နှစ်သမီးကတည်းက ကော်စရှူတာ။ ကော်ရှူရတာက ရှိုက်ရှူလိုက်တဲ့အချိန် မှာ အဆုတ်က ဘယ်လိုဖြစ်လဲဆိုတော့ အသက်ရှူရတာ ကျပ်သွားတာ။ ချုပ်ထားသလို ဖြစ်သွားတာ။ ကော်ရှူရင် သူက အနံ့ကို ရှူလိုက်တော့ စိတ်ထဲမှာ ကြောင်သွားတာပေါ့။ ကိုယ် အလုပ်လုပ်ရမှန်းတော့ သိတာပေါ့။ ကိုယ် ဘယ်နေရာ သွားရမလဲ၊ ဘယ်နေရာ နေရမလဲ၊ ကိုယ့်ရဲ့ နောက်ရေးတွေကို မသိတော့ဘူး။ ဘာလို့ ရှူတာလဲဆိုတော့ ဒီ ရှူဖန်များလာတော့ စိတ်ထဲက ရှူချင်စိတ်တွေ ပေါက်လာတာ။ ဖြတ်နိုင်တယ်။ ဖြတ်ချင်တယ်။ ဖြတ်ဖူးတယ်။ ကော်ဖြတ်တာနဲ့ ကော် ရှူတာနဲ့ဆိုရင် ကော်ဖြတ်တာက ကောင်းတယ်။ ကော်ဖြတ်တာက ဘယ်လိုကောင်းလဲ ဆိုရင် အသားအရေလည်း ဝလာတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးလည်း ကောင်းလာတယ်။ ကော်ရှူတော့ကျတော့ ကိုယ့်ရဲ့ အသားအရေတွေလည်း ထိခိုက်တယ်။ အခုကတော့ ရှူ တယ်။ ဒါပေမဲ့ မရှူတာဆိုလို့ ဒီနေ့ နှစ်ရက်ပဲ ရှိသေးတယ်။

ကွယ်ဝှက်ခံထားရသောအသံများ အပိုင်း(၁)

Image
ယခင်အစိုးရတွေက ဘာကိုမှ သေသေချာချာ တာဝန်ယူမထားသော ကလေးများ ရှိသည်။ လက်ဖက်ရည်ဆိုင်များ ထမင်းဆိုင်များတွင် မျက်လုံးထဲမှာ ရွှင်ပျမှုအရည်မဲ့ကာ တောင့်တင်းခြေလှမ်းများနှင့် ကလေးများသည် ဒုနှင့်ဒေး။ မိဘက ပထွေးက မိထွေးက ဦးလေးက အဒေါ်က ဘုန်းကြီးက ဆရာက ရိုက်နှက်ခြင်းစသည့်အကြောင်းအမျိုးမျိုးဖြင့် လမ်းပေါ်ရောက်လာကာ နေပူကျက်ကျက်ထဲ၊ မိုးရေစက်လက်ထဲ၊ အေးခဲမှုထဲ၊ မျက်လုံးရောင်ခြောက်ခြောက်ဝင်းဝင်း၊ လက်ထဲမှာလည်း ဆေးလိပ်၊ ကွမ်း၊ အရက်ပုလင်း၊ ကော်ဗူး၊ လက်နက်တစုံတရာနှင့် လမ်းဘေးမှာပင် ကျင်လည်နေသည့် ကလေးတွေ တော်တော်များများကြီးကို ရှိသည်။ အလုပ်ရုံ၊ လမ်းဘေးဆိုင်လေးများ၊ ဈေး၊ ကားဂိတ်၊ ဘူတာ၊ သဘောင်္ဆိပ်၊ တပ်၊ ကလေးထောင်၊ လူကြီးထောင်၊ အချုပ်ခန်းနှင့် ပြည့်တန်ဆာခေါင်းများလက်ထဲမှာလည်း ကလေးတွေ ကလေးမလေးတွေ များစွာ။

ဆက်သွယ်ရေးဥပဒေကြမ်းအပေါ်အမြင်

Image
(အင်တာနက်ဂျာနယ်မှာပါခဲ့တဲ့ ကျွန်တော့်အင်တာဗျူးလေးကို ဖော်ပြလိုက်ပါတယ်) ၁။ ဒီလ ၇ ရက်နေ့က ဆက်သွယ်ရေး ဥပဒေကြမ်းထွက်လာပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒီဥပဒေအကြမ်းအပေါ်ကို တစ်ဦးတည်းအမြင်နဲ့ ခြုံငုံသုံးသပ်ချက်လေး ပြောပေးပါလား။ ဥပဒေကြမ်း ထွက်လာတာကို ကြိုဆိုပါတယ်။ ပြည်တွင်းကွန်ပျူတာပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ သုံးစွဲသူတွေရဲ့ ဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်အောင် ဒီထက်ပိုကောင်းအောင် ပြင်ဆင်နိုင်ရင်တော့ ပိုကောင်းပါလိမ့်မယ်။

မြန်မာစာအတွက် OCR ရပါပြီ

Image
မြန်မာလိုရေးထားပြီး Scan ဖတ်ထားတဲ့ စာရွက်တွေကို စာသားအဖြစ် ပြောင်းလဲပြီး ပြုပြင်မှုတွေလုပ်လို့ရပါပြီ။ အဲဒီနည်းပညာကို OCR လို့ ခေါ်ပြီး Google က ထုတ်လုပ်ထားတဲ့ Google Drive ကနေတစ်ဆင့် ပြုလုပ်လို့ရသွားပါပြီ။ ဘာသာစကားပေါင်း ၁၀၀ ကျော် ထောက်ပံ့ထားမှုအနက်မှာ မြန်မာလည်း ပါဝင်လာတာပါ။ ပြုလုပ်နည်းအဆင့်ဆင့်

လိင်ပိုင်းဆိုင်ရာပြစ်မှုတွေဟာ အပြာကားကြည့်တာနဲ့ဆိုင်သလား?

Image
အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် အသက် ၂၂ အရွယ် လူရွယ်တစ်ယောက်ဟာ အပြာကားတစ်ကားကြည့်ပြီးတဲ့နောက် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို ချောကလက်ကျွေးမယ်လိုက်ခဲ့လို့ ဖြားယောင်းပြီး မုဒိမ်းကျင့်ခဲ့တဲ့အမှုတစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် မုဒိမ်းသမားတွေအတွက် စိတ်မသက်သာစရာမေးခွန်းတစ်ခု ပေါ်လာပါတော့တယ်။ အဲဒါကတော့ အပြာဇာတ်ကားတွေ လွယ်လွယ်ကူကူရနေတာကြောင့် အိန္ဒိယမှာ မုဒိမ်းမှုတွေ များပြားနေတာလားဆိုတဲ့ မေးခွန်းပါပဲ။ အိန္ဒိယနိုင်ငံက သတင်းအချက်အလက်နဲ့ဆက်သွယ်ရေး ဒုဝန်ကြီး မီလင်းဒိုရာကတော့ “ဒီလိုဟာတွေကို ရုတ်တရတ်ကြီး ပိတ်ပင်တားဆီးဖို့ကို ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ လူတွေကို တရားဥပဒေနဲ့ ညွှန်ကြားချက်တွေကို လိုက်နာသိရှိအောင် လုပ်ဖို့က အရေးကြီးတာပါ။ စိတ်ပညာရှင်တွေ၊ လူမှုသိပ္ပံပညာရှင်တွေဆီကနေ ဒီလိုကိစ္စတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးအကြံဥာဏ် ရယူဖို့က အရေးကြီးပါတယ်” ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။

ချင်းတွင်းကြည့်ရင်းငိုတဲ့အသံ

စစ်ဖြစ်တာလည်းမဟုတ် ကပ်ရောဂါလည်းမဟုတ်ပါပဲ ဟောဒီချင်းတွင်းမှာ အပြစ်မဲ့တွေ သောက်သောက်လဲသေကြ ဘ၀တွေကွဲ မျက်ရည်တွေရွှဲလို့ စက်လှေ တစ်ချက်အမှောက်က အသက်တွေများစွာကို ဆွဲချပစ်ခဲ့တယ်

တိမ်ပုံပြင် ၂

တိမ်တွေကိုမော့ကြည့်ရင်း ဖမ်းဆုပ်မရတဲ့သဘောကို တွေးမိတဲ့အခါ မင်းအကြောင်းက အလိုလိုပါလာတယ် သစ်ရွက်တစ်ရွက်လို စိမ်းလန်းလည်း ကြွေပြလို့မှမရဘဲကွယ် အတိတ်ရာဇဝင်ထဲမှာ မင်းရဲ့ကျိန်စာတွေ အခုထိ ရှာကြည့်မိနေတုန်း သတိရခြင်းတွေသာ ကိုယ်သင်းနံ့ဖြစ်ခွင့်ရရင် မင်းရှိရာအရပ်ဆီတိုက်ခတ်မယ့်လေပြေနဲ့အတူ ထည့်ပေးလိုက်ချင်ရဲ့ မင်း မွှေးမြပါစေကွယ်..

အခြေခံဥပဒေအရ အာဏာလွှဲပြောင်းပေးခြင်း

Image
ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲပြီးသွားရင် အနိုင်ရပါတီကို အာဏာလွှဲပေးရပါတယ်။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ အစရှိတဲ့ အာဏာသုံးရပ်စလုံးကို လွှဲပြောင်းပေးရခြင်းဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် ဘယ်နေ့ဘယ်ရက်မှာ အာဏာလွှဲပြောင်းခြင်း အခမ်းအနားဆိုတာမျိုး ကျင်းပပြီး အာဏာလွှဲပေးတာတော့ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အနိုင်ရပါတီဟာ အဲဒီအာဏာသုံးရပ်ကို ဘယ်လိုလွှဲပြောင်းရယူခွင့်ရှိသလဲဆိုတာ ဖော်ပြလိုက်ရပါတယ်။ ယခု အပိုင်း(၁)မှာတော့ ပြည်ထောင်စုအဆင့်ပိုင်းကို ဖော်ပြထားတာဖြစ်ပြီး အပိုင်း(၂)မှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။

အတိတ် ၂၉

လက်တွေနဲ့ လှမ်းမမီနိုင်တော့မျိုးဖြစ်ရင် ငါ့ကို ပွေ့ဖက်ထားဖို့ ပြန်မလွမ်းပါနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ယောင်ဆောင်ခဲ့မှန်း ဝေးသွားမှသိတယ် အမုန်းကြိုးတွေကြီးသလောက် သံယောဇဉ်ကြိုးက ပိုသေးတယ် ဖြတ်ရတာသိပ်လွယ်တယ် သူ့ရင်ဘတ် ကိုယ့်ရင်ဘတ်မှာ နယ်ခြားမှတ်တိုင်တွေ စိုက်ထူခံလိုက်ရသလိုမျိုး နောက်ဆုံး… အတ္တတွေကသာ အနိုင်ယူသွားတယ် ချစ်ခြင်းမေတ္တာဆိုတာ ငတ်မွတ်ခေါင်းပါးသွားရင် လူတွေအားလုံး ခေါင်းခါပြီးပြောကြလိမ့်မယ် ဒါတွေဟာ ပုံပြင်တွေပါကွာဆိုပြီး မရနိုင်တော့တာကို လွမ်းရင်းနဲ့ပဲ ထပ်ပြောလိမ့်မယ် ဒါတွေဟာ ပုံပြင်တွေပါကွာပေါ့ ကိုယ့်စိတ်ကို ကိုယ့်လောက် ဘယ်သူသိမှာတုန်း စိတ်ရိုင်းနေတာလည်းသိ စိတ်ကူးယဉ်နေတာလည်းသိ စိတ်ယဉ်ကျေးနေတာလည်းသိ စိတ်အလိုမကျတာလည်းသိ ခက်တာက ကိုယ့်စိတ်မှာဖြစ်နေတာတွေပြောဖို့ အဖော်လိုတယ်ဆိုပြီး ပညတ်ထားတဲ့ လူ့အဖွဲ့အစည်းကြီးက ပြဿနာပဲ။ တံခါးခေါက်ဝင်ခဲ့ပါလို့ပြောခဲ့သလား တံခါးမခေါက်ပဲ ဝင်တာကို ခွင့်ပြုခဲ့သလား မသိဘူး သေချာမသိဘူး ခုမှ ပြန်တော့မလားဆိုပြီး စကားစလို့မရတော့ပါပဲ နှလုံးသားက အခန်းနဲ့တူတယ်ဆိုတာ ဧည့်သည်ရောက်လာမှ သိတော့တယ် ဟိုးတောင်တန်းကြီးတွေ ဟိုးလယ်ကွင်းစိမ်းကြီးေ

မအိမ်ကံ Review

Image
လတ်တလော အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ စာရေးဆရာမခင်ခင်ထူးရဲ့ မအိမ်ကံဝတ္ထုကို စိတ်ဝင်စားတာနဲ့ ရှာဖွေပြီး ဖတ်ရှုမိခဲ့ပါတယ်။ စုစုပေါင်း အချိန် (၈)နာရီခန့်လောက် ဖုန်းကို Airplane ထား၊ ဘယ်သူနဲ့မှ မတွေ့ဘဲ အေးအေးဆေးဆေး ဖတ်ကြည့်ခဲ့ပါတယ်။ စာရေးဆရာရဲ့ အမှာစာမှာကတည်းက ဒီအဖြစ်အပျက်ဟာ တစ်ကယ့်အဖြစ်အပျက်လို့ပါဆိုပြီး ပြောထားတော့ ပိုပြီးစိတ်ဝင်တစားနဲ့ ဖတ်လိုက်တာ စာအုပ်ကို လက်က မချနိုင်လောက်ထိ ဆွဲဆောင်မှုအလွန်ကောင်းတဲ့ ၀တ္ထုဖြစ်ပါတယ်။ ၀တ္ထုအကြောင်းအရာကတော့ အလွန်တရာရုပ်ရည်ချောမော၊ ကိုယ်ကျင့်သီလကောင်းတဲ့ သူကြီးသမီး မအိမ်ကံတစ်ယောက်ဟာ ငယ်ငယ်ကတည်းက ဖက်စိမ်း ကွမ်းတောင်ကိုင်ဖြစ်ချင်ခဲ့တဲ့သူတစ်ယောက်ပါ။

၆၆ဃနှင့်ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်၏အမြင်

Image
(ဦးဝင်းမြင့်နဲ့တွေ့ဆုံခွင့်ရခဲ့တုန်းက ၆၆ဃ နဲ့ပတ်သတ်ပြီး ကျွန်တော်မေးတဲ့မေးခွန်းကို ဥက္ကဌကြီးက ဖြေကြားခဲ့တာကို အသံဖမ်းယူခဲ့ပါတယ်။ အခု အဲဒါကို စာပြန်စီပြီး တင်ပေးလိုက်ပါတယ်) ၆၆ ဃ ဥပဒေသည် ကျနော်တို့ ပြဌာန်းခဲ့တာမဟုတ်ဘူး။ ပထမအကြိမ်သက်တမ်းက ပြဌာန်းခဲ့တာ၊ ပထမအကြိမ်သက်တမ်းက ပြဌာန်းခဲ့တာဆိုတော့ ဒါကို ခြေခြေမြစ်မြစ်ပြောမယ်ဆိုလို့ရှိရင် ၆၆ဃ နဲ့ ပတ်သတ်လို့ ပထမဦးဆုံးရှိတာက ကျနော်တို့ ဒီနေ့ ရာဇသတ်ကြီးပုဒ်မ ၅၀၀ ရှိတယ်။ အဲဒီတော့ သူက လူတစ်ယောက်ကို ဂုဏ်သိက္ခာကျအောင် အသရေဖျက်တယ်၊ သူ့ရဲ့ သိက္ခာနဲ့လျော်ညီစွာ မဟုတ်ဘဲနဲ့ အသရေဖျက်ဖို့ ဂုဏ်သိက္ခာကျဖို့ စာနဲ့ပဲ ဖြစ်ဖြစ်၊ ပေနဲ့ပဲ ဖြစ်ဖြစ်၊ အရုပ်နဲ့ပဲ ဖြစ်ဖြစ်၊ သင်္ကေတနဲ့ပဲဖြစ်ဖြစ်၊ အပြောအဆိုနဲ့ပဲ ဖြစ်ဖြစ် ဖျက်တယ်ဆိုရင် သူက ထောင်ဒဏ် ၂နှစ်ထိလည်း စီရင်ချက်ချလို့ရတယ်။ ဒဏ်ငွေလည်း ချလို့ရတယ်။ ဒဏ်ငွေနဲ့ ထောင်ဒဏ်နဲ့လည်း တွဲချလို့ရတယ်။ ၂နှစ်တိတိဆိုပေမယ့် ၂နှစ်ချရမယ်လို့ မဆိုလိုဘူး။ ဒါ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား။ သူ့ရဲ့ သုံးစွဲတဲ့ ပြစ်မှုကျုးလွန်တဲ့ အတိမ်အနက်ပေါ်မှာ ပြစ်ဒဏ်ရဲ့ အကြီးအသေးက ဒါ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား။ ဒါက ပုဒ်မ ၅၀၀။ ကောင်းပြီ။ ၆၆ဃမတိုင်မီ အီလက်ထရောန

ဗိုလ်ချုပ်အောင်ဆန်းတံတား

Image
ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး အမည်ပေးဖို့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်ပြီး ဆွေးနွေးရာမှာ ထောက်ခံမဲအများစုနဲ့ အဆိုအောင်သွားပါတယ်။ အဆိုကို ထောက်ခံဆွေးနွေးတာရော၊ ကန့်ကွက်ဆွေးနွေးတာရော တွေ့ရပါတယ်။ ဒေါ်ပြုံးကေသီလှိုင် ဆွေးနွေးချက်ထဲမှာဆိုရင် ဒီတံတားကိစ္စမှာ နိုင်ငံရေးပယောဂမကင်းဘူးဆိုပြီး ထည့်ပြောသွားတာတွေ့တယ်။ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကတော့ တံတားနာမည်ပေးဖို့ကိစ္စဟာ လွှတ်တော်ထိတောင် မရောက်သင့်ဘဲ ပြည်နယ်အစိုးရအဆင့်နဲ့တင်ပဲ လုပ်ရမှာဖြစ်ကြောင်း၊ အရင်အစိုးရတုန်းကလိုပဲ ဒေသအလိုက် နာမည်ပေးတာကိုပဲ တိုက်တွန်းလိုတဲ့သဘော ဆွေးနွေးတယ်။ ပြည်ခိုင်ဖြိုးအမတ်တစ်ဦးကတော့ လွှတ်တော်ဆိုတာ အရေးကြီးတဲ့ ဥပဒေပြုရေးကိစ္စ၊ အစိုးရနဲ့တရားစီရင်ရေးကို Check and Balance လုပ်ဖို့ကိစ္စတွေသာ လုပ်ရမှာဖြစ်ကြောင်း၊ ဒီတံတားသေးသေးလေးကို ဗိုလ်ချုပ်နာမည်ပေးတာက ဗိုလ်ချုပ်ကို နှစ်ခါသတ်သလို ဖြစ်တယ်ဆိုပြီး ကန့်ကွက်ဆွေးနွေးသွားတယ်။ ကချင်ပြည်နယ်က အမတ်တစ်ဦးက ဗိုလ်ချုပ်နာမည်ပေးလိုက်ရင် တိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရေး လျော့နည်းသွားမှာ စိုးရိမ်ကြောင်း ဆွေးနွေးသွားတယ်။

ဖောက်ပြန်ခြင်းနဲ့နောက်ဆက်တွဲ

Image
ယောကျာ်းက အိမ်ထောင်ရေးဖောက်ပြန်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ ဆရာဝန်မကြီးရဲ့ သတင်းဖတ်မိပြီး ဒီပို့စ်လေး ရေးဖြစ်ပါတယ်…။ ကျွန်တော်က Broken Family မှာ နေထိုင်ခဲ့ရတဲ့ သြရသ သားကြီးတစ်ယောက်ပါ။ ကျွန်တော် ပထမနှစ်မှာ အဖေက အိမ်ပေါ်က ဆင်းသွားပြီး ကျွန်တော်တို့မိသားစုကို ပစ်ထားခဲ့ပြီး နောက်မိန်းမနဲ့ နေရာတစ်ခုမှာ ပေါင်းသင်းနေထိုင်ခဲ့တာ အခုထိပါပဲ။ အဖေဆိုပြီး လှိုင်းလုံးတွေ ထန်လာအောင် အော်ခေါ်ချင်ပေမယ့် ကျွန်တော်တို့ဘ၀မှာ အဖေမရှိခဲ့တော့တာ အခုထိပါပဲ။ နောက်တော့ ကျွန်တော် ဘွဲ့ရတယ်။ မိန်းမရတယ်။ အခု သမီးတစ်ယောက် ရတယ်။ အဖေ မရှိတော့တဲ့နောက်ပိုင်းမှာ အမေရယ်၊ ကျွန်တော်ရယ်၊ ညီမလေးနှစ်ယောက်ရယ် ဘ၀ကို ခက်ခဲပင်ပန်းစွာ တစ်ရက်တစ်ရက် မျက်ရည်တွေနဲ့ ဖြတ်သန်းခဲ့ရတယ်။ မိသားစုတစ်ခုမှာ အဖေဆိုတာလေး မရှိရုံနဲ့ ကျန်ရစ်ခဲ့သူတွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ လူမှုရေးပိုင်းဆိုင်ရာရော၊ ငွေကြေးပိုင်းဆိုင်ရာရော အစစအရာရာ မျက်နှာငယ် စိတ်ဓာတ်ကျခဲ့ရတယ်ဆိုတာ ကျွန်တော့်အတွက် ဘ၀နဲ့ချီပြီး သင်ခန်းစာ ရခဲ့ရတယ်။ အခု ကျွန်တော့်ဇနီးနဲ့ သမီးကျရင် ဒါမျိုးတွေ မဖြစ်စေရဘူးလို့ ကျွန်တော် သန္နိဌာန် ချခဲ့တယ်။

ထွက်ငွေတွေကို ဘယ်လိုငြင်းမလဲ

Image
ဝင်ငွေထက် ထွက်ငွေများနေတဲ့သူကို ဆင်းရဲသားလို့ခေါ်ပြီး ၀င်ငွေထက် ထွက်ငွေနည်းတဲ့သူကို ချမ်းသာသူလို့ ခေါ်လေ့ရှိပါတယ်။ တစ်နည်းအားဖြင့် မိမိရဲ့ ၀င်ငွေကိုလည်း သိမယ်၊ ထွက်ငွေကိုလည်း စိစစ်နိုင်ရမယ်။ အဲဒီလူဟာ အရည်အချင်းရှိတဲ့သူဖြစ်ပြီး လစဉ်လတိုင်း ထွက်ငွေဟာ ၀င်ငွေထက်များနေပြီဆိုရင်တော့ လူညံ့ သို့မဟုတ် အရည်အချင်းမရှိသူလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ဒီနေရာမှာ ထွက်ငွေဆိုကလည်း နှစ်မျိုး ရှိပြန်ပါတယ်။ ငြင်းဆန်နိုင်သော ထွက်ငွေနဲ့ မငြင်းဆန်နိုင်သော ထွက်ငွေပေါ့။ အစားအသောက်၊ အ၀တ်အစား၊ အလှအပပစ္စည်း စတာတွေနဲ့ပတ်သတ်တဲ့ ကုန်ကျစရိတ်တွေကို ငြင်းဆန်နိုင်သော ထွက်ငွေလို့ သတ်မှတ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်စိတ်ကို ချုပ်တီးနိုင်ရင် ချုပ်တီးနိုင်သလောက် အဲဒါတွေနဲ့ပတ်သတ်ပြီး ငွေမထွက်ဘဲနေအောင် တားဆီးလို့ရပါတယ်။