Posts

ယာဉ်စည်းကမ်းများအသက်ဝင်ဖို့ ဒါတွေလိုတယ်

Image
လူတစ်ချို့က ကြောက်လို့ လိုက်နာတယ်။ လူတစ်ချို့ကတော့ အာဏာပိုင်တွေရဲ့အမိန့်ကို လေးစားလို့ လိုက်နာကြတယ်။ ဒါပေမယ့် တကယ်တမ်းက အဲဒီထက်ပိုပါတယ်။ နိုင်ငံတကာက သုတေသနပညာရှင်တွေက လူတွေ ဘာကြောင့် စည်းကမ်းတွေကို လိုက်နာကြသလဲ ဆိုတာနဲ့ပတ်သတ်ပြီး သုတေသနပြုရာမှာ များသောအားဖြင့် အောက်ပါအချက်နှစ်ချက်ကြောင့်ဆိုပြီး ဖြေဆိုကြပါတယ်။

တင်ဒါ ကကြီး ခကွေး

Image
တင်ဒါကိစ္စဟာ အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တယ်။ ပြီးခဲ့တဲ့အပတ်က မုံရွာဂေဇက်ဂျာနယ်မှာ စစ်ကိုင်းတိုင်းအစိုးရရဲ့ ဆောက်လုပ်ရေးတင်ဒါတွေမှာ လုပ်ငန်းရှင်တစ်ဦးတည်းကပဲ တင်ဒါအောင်နေတဲ့အခြေအနေကို ဖတ်မိလိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီကိုလည်း နာမည်တပ်မရေးရဲ၊ ဝေဖန်တဲ့သူတွေကလည်း နာမည်တပ်မပြောရဲ ဖြစ်နေကြတယ်။ အမှန်တော့ ပွင့်လင်းမြင်သာတဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဆိုပြီး ကြွေးကြော်ပြီးတဲ့အခါမှာ ဘယ်လောက်ပွင့်လင်းမြင်သာသလဲ၊ ဘယ်လောက်သန့်ရှင်းသလဲဆိုပြီး တိုင်းတာတဲ့ အညွှန်းကိန်း တွေထဲမှာ တင်ဒါကိစ္စလည်း တစ်ခုအပါအဝင်ပါပဲ။

e-Government နှင့် NLD အစိုးရ

Image
“e-Government ဆိုတာ Process တစ်ခုပါ။ Package တစ်ခု Product တစ်ခု ၀ယ်တာမဟုတ်ပါဘူး။ အချိန်တိုင်းတာလို့ ရမှာမဟုတ်ဘူး။ ဘယ်တော့မှလည်း ပြီးဆုံးမယ့်ကိစ္စမဟုတ်ပါဘူး” ` အဲဒီစကားကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့တုန်းက နေပြည်တော် MICC2 မှာ ကျင်းပခဲ့တဲ့ eGovernment Conference မှာပါဝင်တဲ့ VIP Discussion Panel မှာ KMD ဦးသောင်းတင်က ပြောသွားခဲ့တာပါ။ တစ်နည်းအားဖြင့် e-Government ဆိုတာ ဘယ်လောက်အချိန်ကြာမှာလဲ၊ ဘယ်တော့ပြီးမှာလဲ၊ ငွေဘယ်လောက်ကုန်မှာလဲဆိုပြီး မေးခွန်းထုတ်နေခြင်းဟာ နားလည်မှုလွဲနေကြတာဖြစ်တယ်လို့ ဆိုလိုလိုက်ခြင်းပဲဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရရဲ့ တာဝန်ရှိသူတွေအနေနဲ့ e-Government ဆိုတဲ့ ဖြစ်စဉ်ကြီးအပေါ် ဘယ်လိုပါဝင်နေပြီလဲဆိုတာ စိတ်ပါဝင်စားတဲ့ပြည်သူတွေက စောင့်ကြည့်လေ့လာမှုတွေ၊ ဝေဖန်မှုတွေ တဖြည်းဖြည်း စတင်ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ အွန်လိုင်းသုံးစွဲသူတွေအတွက် လိုအပ်နေတဲ့ Cyber Law၊ အိုင်စီတီ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါတဲ့ ICT Master Plan၊ NLD အစိုးရရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးသန့်စင်မောင်ရဲ့ အိုင်စီတီအပေါ်မှာ စိတ်ဝင်စားမှု စတာတွေကို e-Go

ပြည်ထောင်စုနေ့အတွေး

Image
အင်္ဂလိပ်ဟာ မြန်မာနိုင်ငံကို မြန်မာပြည်မရယ်၊ ရှမ်းပြည်ပါဝင်တဲ့ တောင်တန်းဒေသရယ်၊ ကယားပြည်နယ်ရယ်ဆိုပြီး သုံးပိုင်းပိုင်းပြီး အုပ်ချုပ်ခဲ့တယ်။ ဒီနေရာမှာ သုံးပိုင်းပိုင်းတယ်ဆိုတာက အစက တစ်စုတစ်ဝေးတည်းရှိနေတာကို သုံးပိုင်းပိုင်းတာမဟုတ်ဘဲ နဂိုကတည်းက ဗမာတွေကသက်သက်၊ ရှမ်းတွေက သက်က်၊ ကရင်နီ(ယခု ကယား)တွေကသက်သက် သီးခြားလွတ်လပ်စွာ တည်ရှိနေတာဖြစ်လို့ သုံးပိုင်းပိုင်းခဲ့တာပါ။ လွတ်လပ်ရေးအတူယူကြဖို့ ပင်လုံစာချုပ်ချုပ်ဆိုတော့ ဗမာ၊ ကချင်၊ချင်းနဲ့ ရှမ်းကိုယ်စားလှယ်တွေက လက်မှတ်ထိုးခဲ့ကြပြီး ရခိုင်တို့၊ ကရင်တို့၊ ကယားတို့က လေ့လာသူတွေအနေနဲ့ပဲ တက်ရောက်ခဲ့ကြပါတယ်။ အရင်တုန်းက မရှိခဲ့ဘဲ ပင်လုံစာချုပ်ကနေ အစပြုလိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဗမာပြည်မ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ချင်းဝိသေသတိုင်း တို့ပဲ ပါပါတယ်။ နောက်မှ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် ၀င်လာတယ်။ ရခိုင်ပြည်နယ်တို့ မွန်ပြည်နယ်တို့ဆိုတာ ၀န်ကြီးချုပ်ဦးနုလက်ထက်မှ ပြည်နယ်အဖြစ် သတ်မှတ်ခွင့်ရခဲ့တာပါ။ ရခိုင်သားတွေအနေနဲ့ ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ရေးအတွက် များစွာ ကြိုးစားခဲ့ရပါတယ်။

ကွယ်ဝှက်ခံထားရသောအသံများ အပိုင်း(၃)

Image
မှိုင်းညို့မှောင် မန္တလေးကို ဘယ်လိုရောက်သွားတာလဲဆိုတော့ ...မန္တလေးကို ရထားစီးပြီးတော့ ပြန်မဆင်းတတ်တော့လို့။ ငယ်ငယ်လေးတုန်းက သူငယ်ချင်းတွေနဲ့  ရပ်ကွက်ထဲမှာ ထမင်းလျှောက်စားတာ ဇလုံကြီးတွေနဲ။၊ ထမင်းစားပြီးတော့ ပြန်လာတဲ့အခါကျတော့ အမေ့ကို ပန်းကန်ကြီး ချ ပေးပြီး လျှောက်သွားမယ်ဆိုပြီးတော့ သွားကြတာ။ ရပ်ကွက်ထဲကို သွားကြတဲ့အခါကနေ ပြီးတော့ ငါတို့ ရထားကြီး သွားစီးကြရအောင်ဆိုပြီးတော့ ကလေးတွေကို ပြောတယ်။ ရထားပေါ်လည်း ရောက်ရော ...နောက်ဆုံးကျတော့ ကလေးတွေက ဘယ်အချိန် ဆင်း သွားမှန်းမသိဘူး။ သမီးတစ်ယောက်တည်း ကျန်ခဲ့တာ။ အဲဒါနဲ့ ရထားနဲ့ပါသွားတာ။

ကွယ်ဝှက်ခံထားရသောအသံများ အပိုင်း(၂)

Image
မှုန်ပြာရီ (က) ၁၄ နှစ်သမီးကတည်းက ကော်စရှူတာ။ ကော်ရှူရတာက ရှိုက်ရှူလိုက်တဲ့အချိန် မှာ အဆုတ်က ဘယ်လိုဖြစ်လဲဆိုတော့ အသက်ရှူရတာ ကျပ်သွားတာ။ ချုပ်ထားသလို ဖြစ်သွားတာ။ ကော်ရှူရင် သူက အနံ့ကို ရှူလိုက်တော့ စိတ်ထဲမှာ ကြောင်သွားတာပေါ့။ ကိုယ် အလုပ်လုပ်ရမှန်းတော့ သိတာပေါ့။ ကိုယ် ဘယ်နေရာ သွားရမလဲ၊ ဘယ်နေရာ နေရမလဲ၊ ကိုယ့်ရဲ့ နောက်ရေးတွေကို မသိတော့ဘူး။ ဘာလို့ ရှူတာလဲဆိုတော့ ဒီ ရှူဖန်များလာတော့ စိတ်ထဲက ရှူချင်စိတ်တွေ ပေါက်လာတာ။ ဖြတ်နိုင်တယ်။ ဖြတ်ချင်တယ်။ ဖြတ်ဖူးတယ်။ ကော်ဖြတ်တာနဲ့ ကော် ရှူတာနဲ့ဆိုရင် ကော်ဖြတ်တာက ကောင်းတယ်။ ကော်ဖြတ်တာက ဘယ်လိုကောင်းလဲ ဆိုရင် အသားအရေလည်း ဝလာတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးလည်း ကောင်းလာတယ်။ ကော်ရှူတော့ကျတော့ ကိုယ့်ရဲ့ အသားအရေတွေလည်း ထိခိုက်တယ်။ အခုကတော့ ရှူ တယ်။ ဒါပေမဲ့ မရှူတာဆိုလို့ ဒီနေ့ နှစ်ရက်ပဲ ရှိသေးတယ်။

ကွယ်ဝှက်ခံထားရသောအသံများ အပိုင်း(၁)

Image
ယခင်အစိုးရတွေက ဘာကိုမှ သေသေချာချာ တာဝန်ယူမထားသော ကလေးများ ရှိသည်။ လက်ဖက်ရည်ဆိုင်များ ထမင်းဆိုင်များတွင် မျက်လုံးထဲမှာ ရွှင်ပျမှုအရည်မဲ့ကာ တောင့်တင်းခြေလှမ်းများနှင့် ကလေးများသည် ဒုနှင့်ဒေး။ မိဘက ပထွေးက မိထွေးက ဦးလေးက အဒေါ်က ဘုန်းကြီးက ဆရာက ရိုက်နှက်ခြင်းစသည့်အကြောင်းအမျိုးမျိုးဖြင့် လမ်းပေါ်ရောက်လာကာ နေပူကျက်ကျက်ထဲ၊ မိုးရေစက်လက်ထဲ၊ အေးခဲမှုထဲ၊ မျက်လုံးရောင်ခြောက်ခြောက်ဝင်းဝင်း၊ လက်ထဲမှာလည်း ဆေးလိပ်၊ ကွမ်း၊ အရက်ပုလင်း၊ ကော်ဗူး၊ လက်နက်တစုံတရာနှင့် လမ်းဘေးမှာပင် ကျင်လည်နေသည့် ကလေးတွေ တော်တော်များများကြီးကို ရှိသည်။ အလုပ်ရုံ၊ လမ်းဘေးဆိုင်လေးများ၊ ဈေး၊ ကားဂိတ်၊ ဘူတာ၊ သဘောင်္ဆိပ်၊ တပ်၊ ကလေးထောင်၊ လူကြီးထောင်၊ အချုပ်ခန်းနှင့် ပြည့်တန်ဆာခေါင်းများလက်ထဲမှာလည်း ကလေးတွေ ကလေးမလေးတွေ များစွာ။