Posts

Showing posts from 2018

ယာဉ်စည်းကမ်းများအသက်ဝင်ဖို့ ဒါတွေလိုတယ်

Image
လူတစ်ချို့က ကြောက်လို့ လိုက်နာတယ်။ လူတစ်ချို့ကတော့ အာဏာပိုင်တွေရဲ့အမိန့်ကို လေးစားလို့ လိုက်နာကြတယ်။ ဒါပေမယ့် တကယ်တမ်းက အဲဒီထက်ပိုပါတယ်။ နိုင်ငံတကာက သုတေသနပညာရှင်တွေက လူတွေ ဘာကြောင့် စည်းကမ်းတွေကို လိုက်နာကြသလဲ ဆိုတာနဲ့ပတ်သတ်ပြီး သုတေသနပြုရာမှာ များသောအားဖြင့် အောက်ပါအချက်နှစ်ချက်ကြောင့်ဆိုပြီး ဖြေဆိုကြပါတယ်။

တင်ဒါ ကကြီး ခကွေး

Image
တင်ဒါကိစ္စဟာ အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တယ်။ ပြီးခဲ့တဲ့အပတ်က မုံရွာဂေဇက်ဂျာနယ်မှာ စစ်ကိုင်းတိုင်းအစိုးရရဲ့ ဆောက်လုပ်ရေးတင်ဒါတွေမှာ လုပ်ငန်းရှင်တစ်ဦးတည်းကပဲ တင်ဒါအောင်နေတဲ့အခြေအနေကို ဖတ်မိလိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီကိုလည်း နာမည်တပ်မရေးရဲ၊ ဝေဖန်တဲ့သူတွေကလည်း နာမည်တပ်မပြောရဲ ဖြစ်နေကြတယ်။ အမှန်တော့ ပွင့်လင်းမြင်သာတဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဆိုပြီး ကြွေးကြော်ပြီးတဲ့အခါမှာ ဘယ်လောက်ပွင့်လင်းမြင်သာသလဲ၊ ဘယ်လောက်သန့်ရှင်းသလဲဆိုပြီး တိုင်းတာတဲ့ အညွှန်းကိန်း တွေထဲမှာ တင်ဒါကိစ္စလည်း တစ်ခုအပါအဝင်ပါပဲ။

e-Government နှင့် NLD အစိုးရ

Image
“e-Government ဆိုတာ Process တစ်ခုပါ။ Package တစ်ခု Product တစ်ခု ၀ယ်တာမဟုတ်ပါဘူး။ အချိန်တိုင်းတာလို့ ရမှာမဟုတ်ဘူး။ ဘယ်တော့မှလည်း ပြီးဆုံးမယ့်ကိစ္စမဟုတ်ပါဘူး” ` အဲဒီစကားကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့တုန်းက နေပြည်တော် MICC2 မှာ ကျင်းပခဲ့တဲ့ eGovernment Conference မှာပါဝင်တဲ့ VIP Discussion Panel မှာ KMD ဦးသောင်းတင်က ပြောသွားခဲ့တာပါ။ တစ်နည်းအားဖြင့် e-Government ဆိုတာ ဘယ်လောက်အချိန်ကြာမှာလဲ၊ ဘယ်တော့ပြီးမှာလဲ၊ ငွေဘယ်လောက်ကုန်မှာလဲဆိုပြီး မေးခွန်းထုတ်နေခြင်းဟာ နားလည်မှုလွဲနေကြတာဖြစ်တယ်လို့ ဆိုလိုလိုက်ခြင်းပဲဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရရဲ့ တာဝန်ရှိသူတွေအနေနဲ့ e-Government ဆိုတဲ့ ဖြစ်စဉ်ကြီးအပေါ် ဘယ်လိုပါဝင်နေပြီလဲဆိုတာ စိတ်ပါဝင်စားတဲ့ပြည်သူတွေက စောင့်ကြည့်လေ့လာမှုတွေ၊ ဝေဖန်မှုတွေ တဖြည်းဖြည်း စတင်ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ အွန်လိုင်းသုံးစွဲသူတွေအတွက် လိုအပ်နေတဲ့ Cyber Law၊ အိုင်စီတီ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါတဲ့ ICT Master Plan၊ NLD အစိုးရရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးသန့်စင်မောင်ရဲ့ အိုင်စီတီအပေါ်မှာ စိတ်ဝင်စားမှု စတာတွေကို e-Go