Posts

Showing posts from September, 2018

ယာဉ်စည်းကမ်းများအသက်ဝင်ဖို့ ဒါတွေလိုတယ်

Image
လူတစ်ချို့က ကြောက်လို့ လိုက်နာတယ်။ လူတစ်ချို့ကတော့ အာဏာပိုင်တွေရဲ့အမိန့်ကို လေးစားလို့ လိုက်နာကြတယ်။ ဒါပေမယ့် တကယ်တမ်းက အဲဒီထက်ပိုပါတယ်။ နိုင်ငံတကာက သုတေသနပညာရှင်တွေက လူတွေ ဘာကြောင့် စည်းကမ်းတွေကို လိုက်နာကြသလဲ ဆိုတာနဲ့ပတ်သတ်ပြီး သုတေသနပြုရာမှာ များသောအားဖြင့် အောက်ပါအချက်နှစ်ချက်ကြောင့်ဆိုပြီး ဖြေဆိုကြပါတယ်။

တင်ဒါ ကကြီး ခကွေး

Image
တင်ဒါကိစ္စဟာ အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တယ်။ ပြီးခဲ့တဲ့အပတ်က မုံရွာဂေဇက်ဂျာနယ်မှာ စစ်ကိုင်းတိုင်းအစိုးရရဲ့ ဆောက်လုပ်ရေးတင်ဒါတွေမှာ လုပ်ငန်းရှင်တစ်ဦးတည်းကပဲ တင်ဒါအောင်နေတဲ့အခြေအနေကို ဖတ်မိလိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီကိုလည်း နာမည်တပ်မရေးရဲ၊ ဝေဖန်တဲ့သူတွေကလည်း နာမည်တပ်မပြောရဲ ဖြစ်နေကြတယ်။ အမှန်တော့ ပွင့်လင်းမြင်သာတဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဆိုပြီး ကြွေးကြော်ပြီးတဲ့အခါမှာ ဘယ်လောက်ပွင့်လင်းမြင်သာသလဲ၊ ဘယ်လောက်သန့်ရှင်းသလဲဆိုပြီး တိုင်းတာတဲ့ အညွှန်းကိန်း တွေထဲမှာ တင်ဒါကိစ္စလည်း တစ်ခုအပါအဝင်ပါပဲ။