Posts

Showing posts from July, 2018

e-Government နှင့် NLD အစိုးရ

Image
“e-Government ဆိုတာ Process တစ်ခုပါ။ Package တစ်ခု Product တစ်ခု ၀ယ်တာမဟုတ်ပါဘူး။ အချိန်တိုင်းတာလို့ ရမှာမဟုတ်ဘူး။ ဘယ်တော့မှလည်း ပြီးဆုံးမယ့်ကိစ္စမဟုတ်ပါဘူး” ` အဲဒီစကားကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့တုန်းက နေပြည်တော် MICC2 မှာ ကျင်းပခဲ့တဲ့ eGovernment Conference မှာပါဝင်တဲ့ VIP Discussion Panel မှာ KMD ဦးသောင်းတင်က ပြောသွားခဲ့တာပါ။ တစ်နည်းအားဖြင့် e-Government ဆိုတာ ဘယ်လောက်အချိန်ကြာမှာလဲ၊ ဘယ်တော့ပြီးမှာလဲ၊ ငွေဘယ်လောက်ကုန်မှာလဲဆိုပြီး မေးခွန်းထုတ်နေခြင်းဟာ နားလည်မှုလွဲနေကြတာဖြစ်တယ်လို့ ဆိုလိုလိုက်ခြင်းပဲဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရရဲ့ တာဝန်ရှိသူတွေအနေနဲ့ e-Government ဆိုတဲ့ ဖြစ်စဉ်ကြီးအပေါ် ဘယ်လိုပါဝင်နေပြီလဲဆိုတာ စိတ်ပါဝင်စားတဲ့ပြည်သူတွေက စောင့်ကြည့်လေ့လာမှုတွေ၊ ဝေဖန်မှုတွေ တဖြည်းဖြည်း စတင်ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ အွန်လိုင်းသုံးစွဲသူတွေအတွက် လိုအပ်နေတဲ့ Cyber Law၊ အိုင်စီတီ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါတဲ့ ICT Master Plan၊ NLD အစိုးရရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးသန့်စင်မောင်ရဲ့ အိုင်စီတီအပေါ်မှာ စိတ်ဝင်စားမှု စတာတွေကို e-Go